နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဖွင့် လှစ်ပေး

နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဖွင့် လှစ်ပေး နတ်မောက် မတ် ၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌ကျောင်းသား/သူများနွေရာသီအားလပ်ရက်များတွင်အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့်အနုပညာဗဟုသုတများတိုးပွားလာစေရန်ယမန်နေ့နံနက်(၁၀)နာရီအ ချိန်ကလူထုအခြေပြုဗဟိုဌာန (CommunityCentre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်မှုဖြင့်ကျောင်း သား/သူများ၏ဖန်တီးနိုင်စွမ်းနှင့်စိတ်ကူးစိတ်သန်းများကိုမြှင့်တင်ပေးရန်၊နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်းအချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန်နှင့်ပန်းချီပညာကိုဝါသနာပါသော်လည်းသင်ယူရန်အခွင့်အလမ်းနည်းပါးသူများအတွက်ရည်ရွယ်၍ဖွင့်လှစ်ပေးခဲ့ပြီးပန်းချီသင်တန်းနည်းပြဆရာ ဦးသိန်းနိုင်စိုးကသင်တန်းတွင်အခြေခံအကျဆုံးအဆင့်များမှစတင်၍သင်ကြားပေးမည့်ခဲတံကိုင်နည်း၊မျဥ်းဆွဲနည်း၊အခြေခံပုံသဏ္ဍာန်များ၊အရောင်အသွေးသီအိုရီနှင့်ဆေးရောင်စပ်နည်းများ၊ကိုယ်ပိုင်စိတ်ကူးဖြင့်ပုံဖော်ဖန်တီးခြင်းစသည့်အကြောင်းအရာများကိုသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ပန်းချီသင်တန်းကို(၁၅)ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ပြီကျောင်း သား/သူ(၃၅)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။“ကျွန်တော်တို့နတ်မောက်မြို့ကကျောင်းသား/သူလေးတွေပန်းချီပညာကိုစနစ်တကျသင်ယူခွင့် ရစေချင်လို့ဒီသင်တန်းကိုစီစဥ်ရတာပါ၊ပန်းချီဆွဲတာဟာစိတ်တည်ငြိမ်မှုနှင့်အာရုံစူးစိုက်မှုကိုလည်းအများ ကြီးအထောက်အကူပြုပါတယ်ဟုပန်းချီသင်တန်းနည်းပြဆရာဦးသိန်းနိုင်စိုးကပြောပါသည်။

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၆ နွေရာသီကျောင်းပိတ်ရက်များတွင်ကျောင်းသား/သူများစာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်ခြင်း၌စိတ်ဝင်စားမှုပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ယမန်နေ့နံနက်၉နာရီအချိန်ကစာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့်အကျိုးကျေးဇူးများကိုရှင်းလင်း ပြောကြားခဲ့သည်။အဆိုပါပြိုင်ပွဲတွင်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိယဥ်ကျေးလိ မ္မာသင် တန်းတက်ရောက်နေသည့်ကျောင်းသား/သူများကမိမိတို့ဖတ်ရှုလေ့လာထားသည့်ပုံပြင်တိုများကို ကိုယ်ဟန်အမှုအရာ၊အသံနေအသံထားများဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးကျောင်းသား/သူ လေးများကဗဟုသုတတိုးပွားစေရန်အတွက်ပြသထားသည့်နံရံကပ်စာစောင်များကိုစိတ်ပါဝင်စားစွာဖတ်ရှု ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌အင်္ဂလိပ်စာပညာ ဒါန သင်တန်း ဖွင့်လှစ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌အင်္ဂလိပ်စာပညာ ဒါန သင်တန်း ဖွင့်လှစ် နတ်မောက် မတ်လ ၄ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ အင်္ဂလိပ်စာပညာဒါနသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)  ဘက်စုံသုံး ခန်းမ တွင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူ များအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ…

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းအခမဲ့ဖွင့်လှစ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းအခမဲ့ဖွင့် လှစ် နတ်မောက် မတ် ၅ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်များကိုအချိန်ရှိစွာအသုံးချနိုင်စေရန်နှင့်ကွန်ပျူတာနည်းပညာရပ်များတတ်မြောက်စေရန်ရည်ရွယ်၍အခြေခံကွန်ပျူတာ သင်တန်းကိုယမန်နေ့နံနက်ပိုင်းကဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူလူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက်အထောက်အကူပြုသင်တန်းများဖွင့်လှစ်ပေးခြင်းနှင့်အိုင်စီတီနည်းပညာများဖြင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ခေတ်မီနည်းပညာရပ်များကိုအသုံးချပြီး မိမိတို့၏ဘဝဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရန်၊ကျောင်းပိတ်ရက်များတွင်အချိန်ကိုအ ကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်ချက်များဖြင့်သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းရှင်း လင်းပြောကြားခဲ့သည်။အဆိုပါသင်တန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးခန့်စည်သူထွန်းကကွန်ပျူတာအခြေခံစနစ်များ၊စာစီစာရိုက်နည်းပညာများ၊Internetနှင့်Emailအသုံးပြုနည်းများစသည့်ဘာသာရပ်များကိုစာတွေ့၊လက်တွေ့စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းတွင်ကျောင်းသား/သူ(၂၀)ဦးတက်ရောက်ခဲ့ကြရာသင်တန်းကာလမှာရက်သတ္တပတ် (၄)ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခမဲ့ကွန်ပျူတာသင်တန်းဖွင့်လှစ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခမဲ့ကွန်ပျူတာသင်တန်းဖွင့်လှစ် နတ်မောက် မတ်လ ၄ မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူအထုအခြေပြုဗဟိုဌာန(Community Centre) တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုကွန်ပျူတာသင်တန်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်က သင်တန်းခန်းမတွင် စတင်ဖွင့်လှစ်ခဲ့သည်။ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)သင်တန်းခန်းမတွင် ကွန်ပျူတာသင်တန်းကိုမတ်လ ၃ရက်နေ့မှ ၃၁ရက်နေ့အထိ(၁)လကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌အင်္ဂလိပ်စာပညာ ဒါန သင်တန်း ဖွင့်လှစ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌အင်္ဂလိပ်စာပညာ ဒါန သင်တန်း ဖွင့်လှစ် နတ်မောက် မတ်လ ၄ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ အင်္ဂလိပ်စာပညာဒါနသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)  ဘက်စုံသုံး ခန်းမ တွင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူ များအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ…

Read More

နတ်မောက်မြို့နယ်၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင်ဆုရရှိသူများအာဆုချီးမြှင့်ပေး 

နတ်မောက်မြို့နယ်၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင်ဆုရရှိသူများအာဆုချီးမြှင့်ပေး                                      နတ်မောက်   ဖေဖော်ဝါရီ ၁၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက်ပိုင်းက နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့တွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင်…

Read More

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ၁၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့ နံနက်၉နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်ဆုံသုံးခန်းမတွင်ကျင်းပခဲ့ သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကစာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ကလေးငယ်များဘဝစွမ်းဆောင်ရည်မြင့်မာစေရန်၊စိတ် လက်ပျော်ရွှင်စေရန်၊ဥာဏ်ရည် ဥာဏ်သွေးထက်မြက်စေရန်ရည် ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍အလယ်တန်းအဆင့် ကျောင်းသား/သူများဖြင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာကျောင်းသား/သူလေးများမှမိမိတို့ကြိုက်နှစ်သက်ရာကဗျာများဖြင့်ဝင် ရောက်ယှဥ်ပြိုင် ကြပြီးအဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှအလယ်တန်းအဆင့်ဆရာမများ၊ကျောင်း သား/သူ များစုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ ၁၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကိုယနေ့နံနက်ပိုင်းကလူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပုံပြင်ပြောပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူ များအသိပညာဗ ဟုသုတတိုးပွားရရှိစေရန်၊စာဖတ် သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့်အမှား၊အမှန်ကိုဝေဖန်ပိုင်းခြားတတ် စေရန်ရည်ရွယ်၍ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲအားကျင်းပပြုလုပ် ခဲ့ရာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပဥ္စမတန်းကျောင်းသား/သူများကမိမိတို့နှစ်သက်ရာပုံ ပြင်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ ၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ဘက်စုံသုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပရာတွင်ကျောင်းသား/သူ များဥာဏ် ရည်ဥာဏ်သွေးထက်မြက်စေရန်၊ယှဥ်ပြိုင်ကြိုးစားတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ထူးချွန်ထက်မြက်သည့်လူရည်ချွန် ကောင်းများဖြစ်စေရန်ရည်ရွယ်ချက်နှင့်ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ဆက် လက်၍အခြေခံပညာမူလတန်းကျောင်း(စျေး)ရှိကျောင်းသား/သူ(၃၀)ဦးတို့ကသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့်ကျောင်းသား/သူများအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိမှဆုများချီးမြှင့်ပေးခဲ့သည်။  

Read More