နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဆက်လက်သင်ကြားပေးလျက်ရှိ
နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဆက်လက်သင်ကြားပေးလျက်ရှိ နတ်မောက် မတ် ၁၆ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌ကျောင်းသား/သူများနွေရာသီအားလပ်ရက်များတွင်အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့်အနုပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (CommunityCentre) တွင်အေခြခံပန်းချီေရးဆွဲနည်ယင်တန်းကို ဆက်လက်သင်ကြားပေးလျက်ရှိသည်။ အဆိုပါသင်တန်းကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်မှုဖြင့်ကျောင်း သား/သူများ၏ဖန်တီးနိုင်စွမ်းနှင့်စိတ်ကူးစိတ်သန်းများကိုမြှင့်တင်ပေးရန် ၊နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်းအချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန်နှင့်ပန်းချီပညာကိုဝါသနာပါသော်လည်းသင်ယူရန်အခွင့်အလမ်းနည်းပါးသူများအတွက်ရည်ရွယ်၍ဖွင့်လှစ်ပေးခဲ့ပြီးပန်းချီသင်တန်းနည်းပြဆရာဦးသိန်းနိုင်စိုးက သင်တန်းသား/သူ(၂၅)ဦးအား မတ်လ(၇)ရက်နေ့မှစတင်၍သင်ကြားပေးလျက်ရှိသည်။