နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ နတ်မောက် ဧပြီ  ၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ကျောင်းသား/သူများအင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက် ၉နာရီခွဲအချိန်ကကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပ ရခြင်း၏ရည်ရွယ်ချက်နှင့်ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်ရှည်အတွင်းအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊အင်္ဂလိပ်စာအသံထွက်များမှန်ကန်စေရန်နှင့်လူအများရှေ့တွင်ရဲဝံ့စွာပြောဆိုဖတ်ကြားနိုင်သည့်သတ္တိများမွေးမြူပေးနိုင်ရန်အတွက်ယခုကဲ့သို့ပြိုင်ပွဲများကိုစီစဥ်ရခြ င်းဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုဆက်လက်ကျင်းပရာတက်ရောက်လာကြသည့် ကျောင်းသား/သူလေးများကသတ်မှတ်ထားသည့်အင်္ဂလိပ်စာပိုဒ်တိုများနှင့်ပုံပြင်များကိုဖတ်ကြား ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲသို့ကျောင်းသားမိဘများနှင့်စာပေဝါသနာရှင်များတက်ရောက် အားပေးခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက် မတ် ၂၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်အတွင်းရှိဒေသခံပြည်သူများနွေရာသီကာလအတွင်းကျ ရောက်လေ့ရှိသောအလွန်အမင်းပူပြင်းသည့်အပူဒဏ်အန္တရာယ်မှကာကွယ်နိုင်ရန်နှင့်ကျန်းမာရေး အသိပညာပေးများတိုးပွားစေရန်ရည်ရွယ်၍အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေးဟော ပြောပွဲကိုယနေ့နံနက်၉နာရီအချိန်ကနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကအပူလျှပ် ခြင်း၊မူးဝေခြင်းနှင့်ရေဓာတ်ခမ်းခြောက်ခြင်းလက္ခဏာများကိုခွဲခြားသိမြင်ခြင်း၊နေပူရှိန်ပြင်းထန် ချိန်နံနက်၁၀ နာရီမှညနေ၅နာရီအတွင်းအပြင်ထွက်ခြင်းကိုရှောင်ကြဥ်ရန်၊ရေများများသောက်ရန်နှင့် လေဝင်လေထွက်ကောင်းသောအဝတ်အထည်များကိုဝတ်ဆင်ရန်၊အပူလျှပ်သည့်လူနာကိုတွေ့ရှိပါက အရိပ်ရအေးမြသောနေရာသို့ရွှေ့ပြောင်းခြင်းနှင့်ခန္ဓာကိုယ်အပူချိန်အမြန်ဆုံးကျဆင်းအောင်ပြုလုပ် ပေးရမည့်နည်းလမ်းများစသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။အဆိုပါဟော ပြောပွဲသို့တက်ရောက်လာကြသည့်ကျောင်းသား/သူလေးများကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနကပြသထားသည့်အပူဒဏ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများကိုစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌တပ်မတော်နေ့အထိမ်းအမှတ်စာစီ စာကုံးပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌တပ်မတော်နေ့အထိမ်းအမှတ်စာစီ စာကုံးပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၂၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ကျောင်းသား/သူ များအသိပညာဗဟုသုတတိုးပွားစေရန်နှင့်နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်များရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍တပ်မတော်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကိုယနေ့နံနက်ပိုင်းကအဆိုပါရုံးရှိလူထုအ ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင် ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်မျိုးဆက်သစ်လူငယ်များအနေဖြင့်တပ်မတော်၏သမိုင်းကြောင်း နှင့်နေ့ထူးနေ့မြတ်များကိုသိရှိနားလည်စေရန်၊စာဖတ်ခြင်းမှရရှိသောဗဟုသုတများကိုပြန်လည်အသုံး ချတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စာပေစွမ်းရည်ထက်မြက်လာစေရန်အတွက်ရည် ရွယ်ကြောင်းပြောကြားရှင်းလင်းခဲ့သည်။ထို့နောက်ပြိုင်ပွဲတွင်တပ်မတော်နေ့နှင့်မျိုးချစ်စိတ်ဓာတ် ခေါင်းစဥ်ဖြင့်ကျောင်းသား/သူ များစိတ်ပါဝင်စားစွာဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင်ဆုရရှိသူ များအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဆုများကိုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။  

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၂၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ကလေး ငယ်များစာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့်ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာ စေရန်ရည်ရွယ်၍စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက်၉ နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်ကျောင်းသား/သူ များအနေဖြင့်ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားလာစေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်လူအများရှေ့ တွင်ရဲဝံ့စွာစကားပြောဆိုနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက်ပြိုင်ပွဲများကိုစဥ်ဆက် မပြတ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်း ပခဲ့ရာကျောင်းသား/သူ များကသတ်မှတ်ထားသည့်ရုပ်ပုံပါပုံပြင်စာအုပ်များနှင့်ဗဟုသုတဖြစ်ဖွယ် ဆောင်းပါးများကိုတစ်ဦးချင်းစီအလိုက်စိတ်ဝင်စားဖွယ်ဖတ်ကြားယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက် မတ် ၁၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်အတွင်းရှိအနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များအသိ ပညာဗဟုသုတတိုးပွားစေရန်၊ကာယ၊ဗလ၊ဥာဏ၊စာရိတ္တနှင့်မိတ္တဟူသောဗလငါးတန်နှင့်ပြည့်စုံစေရန် နှင့်စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်၁၀ နာရီ အချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်နှင့် စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူး၊ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေားနှင့်လူမှုကွန်ရက်ကိုအကျိုးရှိစွာအသုံးပြုနည်းစသည့်အကြောင်းအရာများကိုရှင်းလင်း ပြောကြားခဲ့သည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာကြသည့်ကျောင်းသား/သူ များကခင်း ကျင်းပြသထားသည့်အသိပညာပေးနံရံကပ်စာစောင်များနှင့်သုတ၊ရသစာအုပ်စာစောင်များကိုစိတ် ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။ထို့အပြင်မြို့နယ်စာကြည့်တိုက်ရှိရုံးဝန်ထမ်းများကစာအုပ်စာ စောင်များကိုအခမဲ့ငှားရမ်းပေးခြင်းနှင့်စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကိုကျောင်းသား/သူ များနှင့်အတူတက်ကြွစွာဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမ၌ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် မတ်၁၈ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်း သား/သူများစာဖတ်ရှိန်မြင့်မားလာစေရန်နှင့်နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန်ရည်ရွယ်၍ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ကျင်း ပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကကျောင်းသားလူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရန်၊ဥာဏ်ရည် ဥာဏ်သွေးထက်မြက်စေရန်နှင့်အများပြည်သူရှေ့တွင်ရဲဝံ့စွာစကားပြောဆိုနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက်ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်း ပခဲ့ရာမြို့ပေါ်ရှိကျောင်းသား/သူလေးများကမိမိတို့ကြိုက်နှစ်သက်ရာကဗျာခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ကျောင်းသား/သူလူငယ်များအားကာယ၊ဗလ၊ဥာဏ၊စာရိတ္တနှင့်မိတ္တဟူသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့်နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကိုစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ နတ်မောက် မတ် ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်များကိုအချိန်ရှိစွာအသုံးချနိုင်စေရန်နှင့်ကွန်ပျူတာနည်းပညာရပ်များတတ်မြောက်စေရန်ရည်ရွယ်၍အခြေခံကွန်ပျူတာ သင်တန်းကို နံနက်(၉)ခွဲ(၁)ကြိမ်၊ နီနက်(၁၀)ခွဲ(၁)ကြိမ် ဖွင့်လှစ်သင်ကြားပရှေးလျက်ရိှသည်။အဆိုပါသင်တန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးခန့်စည်သူထွန်းကကွန်ပျူတာအခြေခံစနစ်များ၊စာစီစာရိုက်နည်းပညာများ၊Internetနှင့်Emailအသုံးပြုနည်းများစသည့်ဘာသာရပ်များကိုစာတွေ့၊လက်တွေ့စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းတွင်ကျောင်းသား/သူ(၃၆)ဦးတက်ရောက်ခဲ့ကြရာသင်တန်းကာလမှာရက်သတ္တပတ် (၄)ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။    

Read More

နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဆက်လက်သင်ကြားပေးလျက်ရှိ

နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဆက်လက်သင်ကြားပေးလျက်ရှိ နတ်မောက် မတ် ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌ကျောင်းသား/သူများနွေရာသီအားလပ်ရက်များတွင်အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့်အနုပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (CommunityCentre) တွင်အေခြခံပန်းချီ‌ေရးဆွဲနည်ယင်တန်းကို ဆက်လက်သင်ကြားပေးလျက်ရှိသည်။ အဆိုပါသင်တန်းကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်မှုဖြင့်ကျောင်း သား/သူများ၏ဖန်တီးနိုင်စွမ်းနှင့်စိတ်ကူးစိတ်သန်းများကိုမြှင့်တင်ပေးရန် ၊နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်းအချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန်နှင့်ပန်းချီပညာကိုဝါသနာပါသော်လည်းသင်ယူရန်အခွင့်အလမ်းနည်းပါးသူများအတွက်ရည်ရွယ်၍ဖွင့်လှစ်ပေးခဲ့ပြီးပန်းချီသင်တန်းနည်းပြဆရာဦးသိန်းနိုင်စိုးက သင်တန်းသား/သူ(၂၅)ဦးအား မတ်လ(၇)ရက်နေ့မှစတင်၍သင်ကြားပေးလျက်ရှိသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးငယ်များဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ပုံပြင်ပြောပြိုင်ပွဲကိုယမန်နေ့နေ့လယ်ပိုင်းအချိန်ကကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်း သား/သူများအနေဖြင့်အားလပ်ရက်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်ခြင်းကိုဝါသနာပါလာစေရန်ရည်ရွယ်၍ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာမြို့ပေါ်ရှိကျောင်းသား/သူလေးများကမိ မိတို့နှစ်သက်သည့်ပုံပြင်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်အမူအရာနှုတ်မှုစွမ်းရည်ထက်မြက်စွာ ယှဥ်ပြိုင်နိုင်သူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှအမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီးပြသထားသည့်နံရံကပ်စာစောင်များကိုလည်းကျောင်းသား/ သူ များကစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ နတ်မောက် မတ် ၁၆ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်များကိုအချိန်ရှိစွာအသုံးချနိုင်စေရန်နှင့်ကွန်ပျူတာနည်းပညာရပ်များတတ်မြောက်စေရန်ရည်ရွယ်၍အခြေခံကွန်ပျူတာ သင်တန်းကို နံနက်(၉)ခွဲ(၁)ကြိမ်၊ နီနက်(၁၀)ခွဲ(၁)ကြိမ် ဖွင့်လှစ်သင်ကြားပရှေးလျက်ရိှသည်။အဆိုပါသင်တန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးခန့်စည်သူထွန်းကကွန်ပျူတာအခြေခံစနစ်များ၊စာစီစာရိုက်နည်းပညာများ၊Internetနှင့်Emailအသုံးပြုနည်းများစသည့်ဘာသာရပ်များကိုစာတွေ့၊လက်တွေ့စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းတွင်ကျောင်းသား/သူ(၃၆)ဦးတက်ရောက်ခဲ့ကြရာသင်တန်းကာလမှာရက်သတ္တပတ် (၄)ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။      

Read More