နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင်ယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင်ယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ် နတ်မောက် မတ် ၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင်ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်အတွင်းအချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့်ဗုဒ္ဓဘာသာဆိုင်ရာယဥ်ကျေးမှုအလေ့အထကောင်းများတတ်သိနားလည်စေရန် အခြေခံယဥ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးတွင်ဖွင့်လှစ် ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူကလေးငယ်များအခြေခံဘုရားရှိခိုးနှင့်ဝတ်ရွတ်စဥ်များကိုစနစ်တကျတတ်မြောက်စေရန်၊မိဘ၊ဆရာနှင့်လူကြီးသူမများအပေါ်ရိုသေကိုင်းရှိုင်းတတ်သည့်အလေ့အကျင့်ကောင်းများပျိုးထောင်ပေးရန်နှင့်ယဥ်ကျေးလိမ္မာသောလူငယ်လူရွယ်များအဖြစ်ပြုစုပျိုးထောင်ပေးခြင်းဖြင့်လူ မှုပတ်ဝန်းကျင်ကိုအကျိုးပြုစေရန်စသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲသည်။ …