နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၆ နွေရာသီကျောင်းပိတ်ရက်များတွင်ကျောင်းသား/သူများစာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်ခြင်း၌စိတ်ဝင်စားမှုပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ယမန်နေ့နံနက်၉နာရီအချိန်ကစာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့်အကျိုးကျေးဇူးများကိုရှင်းလင်း ပြောကြားခဲ့သည်။အဆိုပါပြိုင်ပွဲတွင်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိယဥ်ကျေးလိ မ္မာသင် တန်းတက်ရောက်နေသည့်ကျောင်းသား/သူများကမိမိတို့ဖတ်ရှုလေ့လာထားသည့်ပုံပြင်တိုများကို ကိုယ်ဟန်အမှုအရာ၊အသံနေအသံထားများဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးကျောင်းသား/သူ လေးများကဗဟုသုတတိုးပွားစေရန်အတွက်ပြသထားသည့်နံရံကပ်စာစောင်များကိုစိတ်ပါဝင်စားစွာဖတ်ရှု ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင်ဆုရရှိသူများအာဆုချီးမြှင့်ပေး 

နတ်မောက်မြို့နယ်၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင်ဆုရရှိသူများအာဆုချီးမြှင့်ပေး                                      နတ်မောက်   ဖေဖော်ဝါရီ ၁၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက်ပိုင်းက နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့တွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင်…

Read More

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ၁၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့ နံနက်၉နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်ဆုံသုံးခန်းမတွင်ကျင်းပခဲ့ သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကစာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ကလေးငယ်များဘဝစွမ်းဆောင်ရည်မြင့်မာစေရန်၊စိတ် လက်ပျော်ရွှင်စေရန်၊ဥာဏ်ရည် ဥာဏ်သွေးထက်မြက်စေရန်ရည် ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍အလယ်တန်းအဆင့် ကျောင်းသား/သူများဖြင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာကျောင်းသား/သူလေးများမှမိမိတို့ကြိုက်နှစ်သက်ရာကဗျာများဖြင့်ဝင် ရောက်ယှဥ်ပြိုင် ကြပြီးအဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှအလယ်တန်းအဆင့်ဆရာမများ၊ကျောင်း သား/သူ များစုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ ၁၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကိုယနေ့နံနက်ပိုင်းကလူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပုံပြင်ပြောပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူ များအသိပညာဗ ဟုသုတတိုးပွားရရှိစေရန်၊စာဖတ် သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့်အမှား၊အမှန်ကိုဝေဖန်ပိုင်းခြားတတ် စေရန်ရည်ရွယ်၍ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲအားကျင်းပပြုလုပ် ခဲ့ရာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပဥ္စမတန်းကျောင်းသား/သူများကမိမိတို့နှစ်သက်ရာပုံ ပြင်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ ၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ဘက်စုံသုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပရာတွင်ကျောင်းသား/သူ များဥာဏ် ရည်ဥာဏ်သွေးထက်မြက်စေရန်၊ယှဥ်ပြိုင်ကြိုးစားတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ထူးချွန်ထက်မြက်သည့်လူရည်ချွန် ကောင်းများဖြစ်စေရန်ရည်ရွယ်ချက်နှင့်ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ဆက် လက်၍အခြေခံပညာမူလတန်းကျောင်း(စျေး)ရှိကျောင်းသား/သူ(၃၀)ဦးတို့ကသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့်ကျောင်းသား/သူများအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိမှဆုများချီးမြှင့်ပေးခဲ့သည်။  

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ  ၆ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း ၍ ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့ နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်ဆုံသုံးခန်းမတွင်ကျင်းပခဲ့ သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကစာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ကလေးငယ်များဘဝစွမ်းဆောင်ရည်မြင့်မာစေရန်၊စိတ် လက်ပျော်ရွှင်စေရန်၊ဥာဏ်ရည် ဥာဏ်သွေးထက်မြက်စေရန်ရည် ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍အလယ်တန်းအဆင့် ကျောင်းသား/သူများဖြင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာကျောင်းသား/သူလေးများမှမိမိတို့ကြိုက်နှစ်သက်ရာကဗျာများဖြင့်ဝင် ရောက်ယှဥ်ပြိုင် ကြပြီးအဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှဆရာမများ၊ကျောင်း သား/သူ များစုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင် (၇၉)နှစ်မြောက်ပြည်ထောင်စု နေ့ အထိမ်းအမှတ်           ပန်းချီပြိုင်ပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ ၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ပညာရေးဌာနတို့ ပူးပေါင်း၍(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကိုယနေ့နံနက်(၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင် ကကျောင်းသား/သူများပြည်ထောင်စုစိတ်ဓာတ်ပိုမိုခိုင်မာလာစေရန်၊ မြန်မာနိုင်ငံ၏သမိုင်းဝင်နေ့ထူးနေ့ မြတ်များအကြောင်းသိရှိလာစေရန်ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့်ပြိုင်ပွဲ၏အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ပန်းချီ ပြိုင်ပွဲကို “ညီညာမှပြည်သာမည်” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ…

Read More

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ ၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့                                              ပူးပေါင်း၍(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင် ပွဲကိုယနေ့နံနက်၉နာရီအချိန်က   …

Read More

နတ်မောက်မြို့၌ “ဗလငါးတန်ပြည့်ဝ ဖို့အားလုံးကြိုးပမ်းစို့”ခေါင်းစဥ်ဖြင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌ “ဗလငါးတန်ပြည့်ဝ ဖို့အားလုံးကြိုးပမ်းစို့”ခေါင်းစဥ်ဖြင့်စာစီစာကုံးပြိုင်ပွဲကျင်းပ နတ်မောက် ဇန်နဝါရီ ၃၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့ ၌ “ဗလငါးတန်ပြည့်ဝဖို့အားလုံးကြိုးပမ်းစို့”ခေါင်းစဥ်ဖြင့်စာစီစာကုံးပြိုင်ပွဲကို                                 ယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပခဲ့သည်။ အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် စာရေးဆ ရာမောင်နန္ဒ(မြစ်ကြီးနား)က အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက်မြို့နယ် …

Read More

နတ်မောက်မြို့နယ်လူအထုအခြေပြုဗဟိုဌာန(Community Centre) တွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ            

နတ်မောက်မြို့နယ်လူအထုအခြေပြုဗဟိုဌာန(Community Centre) တွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ                                                              နတ်မောက် ဇန်နဝါရီ ၂၈ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကို  ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(CommunityCentre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။                                                                                                                              ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က အသိပညာ ဗဟုသုတ ကြွယ်ဝသည့် လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ၊နားထောင်မှုစွမ်းရည်မြင့်မားစေရန်၊ပြည်သူ့စာကြည့်တိုက်…

Read More