နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ပန်းချီပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ပန်းချီပြိုင်ပွဲကျင်းပ နတ်မောက် ဧပြီ ၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကလေးငယ် များ၏ဖန်တီးနိုင်စွမ်းရည်နှင့်စိတ်ကူးစိတ်သန်းများမြှင့်တင်ပေးနိုင်ရန်နှင့်စာကြည့်တိုက်နှင့်ပိုမိုရင်းနှီး ကျွမ်းဝင်မှုရှိစေရန်ယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ တွင်ပန်းချီပြိုင်ပွဲကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်ကျောင်းသား/သူများအနေဖြင့်နွေရာသီကျောင်းပိတ်ရက်များတွင်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ပန်းချီပညာကိုစိတ်ဝင်စားလာစေရန်နှင့်မိမိတို့၏စိတ်ကူးများကိုဆေးရောင်ခြယ်မှုန်းခြင်းဖြင့်ထုတ်ဖော်ပြသနိုင်စေရန်အတွက်ကျင်းပရခြင်းဖြစ်ကြောင်း                ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပန်းချီပြိုင်ပွဲကိုကျင်းပခဲ့ရာပန်းချီသင်တန်းတွင်တက်ရောက်လာကြသည့် ကျောင်းသား/သူများကမိမိတို့၏စိတ်ကူးစိတ်သန်းကောင်းများဖြင့်စိတ်ကြိုက်ပုံများကိုရေးဆွဲယှဥ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင်ဆုရရှိသူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ကဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် ဧပြီ ၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ကျောင်း သား/သူ များအားလပ်ရက်တွင်အကျိုးရှိစွာအသုံးချတတ်စေရန်နှင့်ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်ပုံပြင်ပြောပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင် က  ကလေးငယ်များစာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊လူအများရှေ့တွင်ပြောဆိုဆက်ဆံရာ၌ရဲဝံ့စွန့်စားသည့်စိတ်ဓာတ်များရှိလာစေရန်၊စာဖတ်ခြင်းမှရရှိသည့်အသိပညာဗဟုသုတများကိုပြန်လည်မျှဝေတတ်သည့်အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း         ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ပြိုင်ပွဲကိုကျင်းပရာတက်ရောက်လာကြသည့်ကျောင်းသား/သူများက မိမိတို့နှစ်သက်ရာပုံပြင်များကိုကိုယ်ဟန်အမှုအရာအပြည့်အစုံဖြင့်ယှဥ်ပြိုင်ပြောဆိုခဲ့ကြသည်။ ထို့နောက်တက်ရောက်လာကြသည့်ကျောင်းသားမိဘများနှင့်ကလေးငယ်များကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကခင်းကျင်းပြသထားသည့်နံရံကပ်စာစောင်များနှင့်သုတ၊ရသစာအုပ်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ နတ်မောက် ဧပြီ  ၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ကျောင်းသား/သူများအင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက် ၉နာရီခွဲအချိန်ကကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပ ရခြင်း၏ရည်ရွယ်ချက်နှင့်ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်ရှည်အတွင်းအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊အင်္ဂလိပ်စာအသံထွက်များမှန်ကန်စေရန်နှင့်လူအများရှေ့တွင်ရဲဝံ့စွာပြောဆိုဖတ်ကြားနိုင်သည့်သတ္တိများမွေးမြူပေးနိုင်ရန်အတွက်ယခုကဲ့သို့ပြိုင်ပွဲများကိုစီစဥ်ရခြ င်းဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုဆက်လက်ကျင်းပရာတက်ရောက်လာကြသည့် ကျောင်းသား/သူလေးများကသတ်မှတ်ထားသည့်အင်္ဂလိပ်စာပိုဒ်တိုများနှင့်ပုံပြင်များကိုဖတ်ကြား ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲသို့ကျောင်းသားမိဘများနှင့်စာပေဝါသနာရှင်များတက်ရောက် အားပေးခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌တပ်မတော်နေ့အထိမ်းအမှတ်စာစီ စာကုံးပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌တပ်မတော်နေ့အထိမ်းအမှတ်စာစီ စာကုံးပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၂၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ကျောင်းသား/သူ များအသိပညာဗဟုသုတတိုးပွားစေရန်နှင့်နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်များရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍တပ်မတော်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကိုယနေ့နံနက်ပိုင်းကအဆိုပါရုံးရှိလူထုအ ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင် ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်မျိုးဆက်သစ်လူငယ်များအနေဖြင့်တပ်မတော်၏သမိုင်းကြောင်း နှင့်နေ့ထူးနေ့မြတ်များကိုသိရှိနားလည်စေရန်၊စာဖတ်ခြင်းမှရရှိသောဗဟုသုတများကိုပြန်လည်အသုံး ချတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စာပေစွမ်းရည်ထက်မြက်လာစေရန်အတွက်ရည် ရွယ်ကြောင်းပြောကြားရှင်းလင်းခဲ့သည်။ထို့နောက်ပြိုင်ပွဲတွင်တပ်မတော်နေ့နှင့်မျိုးချစ်စိတ်ဓာတ် ခေါင်းစဥ်ဖြင့်ကျောင်းသား/သူ များစိတ်ပါဝင်စားစွာဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင်ဆုရရှိသူ များအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဆုများကိုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။  

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၂၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ကလေး ငယ်များစာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့်ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာ စေရန်ရည်ရွယ်၍စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက်၉ နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်ကျောင်းသား/သူ များအနေဖြင့်ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားလာစေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်လူအများရှေ့ တွင်ရဲဝံ့စွာစကားပြောဆိုနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက်ပြိုင်ပွဲများကိုစဥ်ဆက် မပြတ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်း ပခဲ့ရာကျောင်းသား/သူ များကသတ်မှတ်ထားသည့်ရုပ်ပုံပါပုံပြင်စာအုပ်များနှင့်ဗဟုသုတဖြစ်ဖွယ် ဆောင်းပါးများကိုတစ်ဦးချင်းစီအလိုက်စိတ်ဝင်စားဖွယ်ဖတ်ကြားယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမ၌ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် မတ်၁၈ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်း သား/သူများစာဖတ်ရှိန်မြင့်မားလာစေရန်နှင့်နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန်ရည်ရွယ်၍ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ကျင်း ပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကကျောင်းသားလူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရန်၊ဥာဏ်ရည် ဥာဏ်သွေးထက်မြက်စေရန်နှင့်အများပြည်သူရှေ့တွင်ရဲဝံ့စွာစကားပြောဆိုနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက်ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်း ပခဲ့ရာမြို့ပေါ်ရှိကျောင်းသား/သူလေးများကမိမိတို့ကြိုက်နှစ်သက်ရာကဗျာခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ကျောင်းသား/သူလူငယ်များအားကာယ၊ဗလ၊ဥာဏ၊စာရိတ္တနှင့်မိတ္တဟူသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့်နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကိုစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးငယ်များဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ပုံပြင်ပြောပြိုင်ပွဲကိုယမန်နေ့နေ့လယ်ပိုင်းအချိန်ကကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်း သား/သူများအနေဖြင့်အားလပ်ရက်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်ခြင်းကိုဝါသနာပါလာစေရန်ရည်ရွယ်၍ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာမြို့ပေါ်ရှိကျောင်းသား/သူလေးများကမိ မိတို့နှစ်သက်သည့်ပုံပြင်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်အမူအရာနှုတ်မှုစွမ်းရည်ထက်မြက်စွာ ယှဥ်ပြိုင်နိုင်သူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှအမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီးပြသထားသည့်နံရံကပ်စာစောင်များကိုလည်းကျောင်းသား/ သူ များကစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျောင်းသား/သူ များအတွက် အထွေထွေဗဟုသုတဥာဏ်စမ်းပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျောင်းသား/သူ များအတွက် အထွေထွေဗဟုသုတဥာဏ်စမ်းပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၁၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်းသား/သူလူငယ်လူရွယ်များအားလပ်ရက်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့်ဗဟုသုတအပေါင်း နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ယနေ့နံနက်ပိုင်းကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်း မတွင်အထွေထွေဗဟုသုတဥာဏ်စမ်းပြိုင်ပွဲကိုစည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြေားကြားခဲ့ပြီးကျောင်းသားလူငယ်များအနေ ဖြင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်စာဖတ်သည့်အလေ့အထကောင်းများမွေး မြူကြရန်ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ဥာဏ်စမ်းပြိုင်ပွဲကိုကျင်းပခဲ့ရာသမိုင်းနှင့် ပထဝီဝင်ဆိုင်ရာအချက်အလက်များ၊နေ့ထူးနေ့မြတ်များနှင့်မြန်မာ့ယဥ်ကျေးမှုဆိုင်ရာမေးခွန်း များနှင့်ကျန်းမာရေးဆိုင်ရာအခြေခံဗဟုသုတများကိုမေးခွန်းများအဖြစ်ထည့်သွင်းမေးမြန်းခဲ့ရာ ပြိုင်ပွဲတွင်ဆုရရှိသည့်ကျောင်းသား/သူ များအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနကအမှတ်တရဆုပစ္စည်းလေးများအဖြစ်ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲ ကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲ ကျင်းပ နတ်မောက် မတ် ၁၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကိုယနေ့နံနက်(၉)နာရီအချိန် ကအဆိုပါရုံးတွင်ပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်ဝင်းမေထွန်း(စာကြည့်တိုက်လက်ထောက်(၃)ကမြန်မာစာပေ၏အရေးပါမှုကိုသိရှိနားလည်စေရန်၊နေ့စဥ်အသုံးပြုနေသောစကားလုံးများတွင်သတ်ပုံအမှားများလျော့နည်းလာစေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်ပြီးဗဟုသုတရှာမှီးလိုစိတ်မြှင့်တင်ပေးရန်စသည့်ရည်ရွယ်ချက်များဖြင့်ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်း လင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲတွင်ကျောင်းသား/သူ(၃၀)ဦးကယှဥ်ပြိုင်ခဲ့ကြရာသတ်မှတ်ထား သောမြန်မာစကားလုံးများထဲမှအမှားနှင့်အမှန်ကိုမှန်ကန်မြန်ဆန်စွာရွေးချယ်နိုင်သူများကိုမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုများချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီခွဲအချိန်ကအဆိုပါရုံးတွင်ပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင် ကကျောင်းသား/သူကလေးငယ်များအနေဖြင့်လူအများရှေ့တွင်စကားပြောဆိုရာ၌ရဲဝံ့စွမ်းရည်ရှိ စေရန်စာဖတ်ရှိန်မြှင့်တင်ပေးခြင်းဖြင့်ဗဟုသုတကြွယ်ဝလာစေရန်၊မြန်မာ့ရိုးရာကဗျာအလှနှင့်စာပေ အနုပညာကိုထိန်းသိမ်းတတ်စေရန်ရည်ရွယ်ချက်များဖြင့်ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်းရှင်း လင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာကျောင်းသား/သူလေးများကမိမိတို့ဖတ်ရှုလေ့ လာထားသည့်ကဗျာခေါင်းစဥ်များဖြင့်အသံနေအသံထား၊ကိုယ်ဟန်အမှုအရာများဖြင့်စိတ်ပါဝင်စား စွာရွတ်ဆိုယှဥ်ပြိုင်ခဲ့ကြပြီးကျောင်းသား/သူလေးများကဗဟုသုတတိုးပွားစေရန်အတွက်ပြသထား သည့် နံရံကပ်စာစောင်များကိုလည်းစိတ်ပါဝင်စားစွာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

Read More